Wednesday, January 14, 2009

PLC အကြောင်း လေ့လာကြည့်ရအောင် ( အပိုင်း-၄)

5) Simulating & Downloading

PLC Program တစ်ခုကို ရေးပြီးသွားပြီဆိုရင် ကိုယ်ရေးလိုက်တဲ့ Program က မှန်၏၊ မမှန်၏ ။ ဆိုတာကို ပြန်စစ်ရပါ့မယ်။ Codesys မှာတော့ Built လို့ သုံးနူန်းပါတယ်။ C Program တွေမှာဆိုရင် Compile လုပ်တယ်လို့ ဆိုမလားပဲ။ ကိုယ့် Program ကို Built လုပ်ပြီးလို့ Error လေးတွေ ဖြစ်နေသေးတယ်ဆိုရင် Program Manager မှာ အနီရောင် နဲ့ Highlight လုပ်ပေးထားလိမ့်မယ်။ အဲ့ဒါလေးကို Click လုပ်ပြီး အမှန်လိုက်ပြင်ပေးရပါလိမ့်မယ်။ အဲ့ဒီနောက်ပိုင်း .. အားလုံး မှန်သွားပြီဆိုရင်တော့ .. PLC ရှိရင် Download လုပ်ပြီး အသုံးချလို့ ရပါပြီ။ ကိုယ်က PLC ကို Download မလုပ်ခင် Application Process တွေ မှန် မမှန် ကြည့်ချင်သေးရင် PLC mode ကို Simulation Mode ကို ပြောင်းပြီး Program Manager နဲ့ စမ်းကြည့်လို့ရပါသည်။ ကိုယ်ပေးချင်တဲ့ Input တွေကို Force ပေးပြီး .. လိုချင်တဲ့ Output ကို ရ မရ ကြည့်လို့ရပါသည်။ အားလုံး စိတ်တိုင်းကျ စမ်းပြီးသွားပြီ ဆိုရင်တော့ .. PLC ထဲကို Programming Cable or Ethernet Cable နဲ့ Download လုပ်ပေးလိုက်ရုံပါပဲ။ အဲ့ဒီနောက်တော့ PLC နဲ့ ပါတ်သတ်ပြီး အလုပ်တွေ ပြီးသွားပါပြီ။


ကိုငယ်
(14.01.2009)

1 comment:

  1. ကျွန်တော်ကတုန်းပါတယ်ဗျာ။ Ladder ထောင်တက်တယ်။ Control panel circuit diagram အကြောင်းသိတယ်။ PLC ကိုစလည်အဆုံး သိချင်လို့။ ဘယ်ကစ ဘယ်လိုလေ့လာရမလဲ သိပါရစေဗျာ။

    ReplyDelete